Breaking

Saturday, January 6, 2024

ကွန်ပျူတာ စက်အရမ်းလေး နေလျှင်





ကွန်ပျူတာ စက်အရမ်းလေး နေလျှင်
( 𝟏 ) ပုံမှန် temp file ‌လေးတွေရှင်းကြည့်ပါ။
Temp file ရှင်းနည်းကို တော်တော် များများသိကြပေမယ့်
မသိသေးတဲ့ သူတွေ အလွယ်တကူ လုပ်လို့ရအောင် တစ်ခါတည်း
ရေးထားပေးပါမယ်။
Win+R ကို တွဲနှိပ်ပါ, Run Box ကျလာရင် Run Box ထဲမှာ
1=> temp ဟု ရိုက်ထည့် Enter (Ok) => အားလုံးကို select မှတ်
ပြီးရင် Shift delete နဲ့ ဖျက်ပါ။
2=> %temp% အထက်ကအတိုင်းလုပ်ပါ။
3=> recent ။
4=> prefetch ။
ပြီးရင် Restart လုပ်ပြီး ပြန်သုံးကြည့်ပါ။ လေးနေတုန်းပဲ ဆိုလျှင်
အောက်က နည်းတွေကို ဆက်လုပ်ကြည့်ပေးပါ။
( 𝟐 ) Windows Update Auto လုပ်နေလားဆိုတာ ကြည့်ပါ။
Background မှာ windows update တွေ လုပ်နေရင်လည်း
စက်လေး တက်ပါတယ်။ windows update ကို ပြီးအောင်
လုပ်ပေးပြီး စက်ကို Restart လုပ်ပေးပါ။
𝐒𝐞𝐭𝐭𝐢𝐧𝐠𝐬 => 𝐖𝐢𝐧𝐝𝐨𝐰𝐬 𝐔𝐩𝐝𝐚𝐭𝐞 => 𝐂𝐡𝐞𝐜𝐤 𝐟𝐨𝐫 𝐔𝐩𝐝𝐚𝐭𝐞𝐬
Restart လုပ်ပြီး စက်ပြန်တက်လာဖို့ အချိန်အနည်းငယ်
စောင့်ပေးရပါ တယ်။ မိမိ သုံးထားတဲ့ HDD, SSD
ပေါ် မူတည်ပြီး ကြာချိန် အနည်းငယ်ကွာပါမယ်။

( 𝟑 ) မိမိ စက်ရဲ့ အခြေနေကို သုံးသပ်ကြည့်ပါ။
မိမိစက်က စက်ဖွင့်ဖွင့်ချင်း ဘာမှ မသုံးရသေးဘဲ လေးနေတာလား။
Web Browser မှာ Task တွေ အများကြီး ပြိုင်ဖွင့်မှ လေးတာလား
အားလုံး သုံးလို့ အဆင်ပြေပြီး Graphic Software တွေ သုံးမှ
လေးတာလား, စသဖြင့် စမ်းစစ်ကြည့်ပါ။
စက်စဖွင့် ကတည်းက လေးနေရင်တော့ Windows Error ကြောင့်လည်း
ဖြစ်နိုင်သလို၊ HDD or SSD ရဲ့ စွမ်းဆောင်ရည် ကျလာတာလည်း ဖြစ်နိုင်
ပါတယ်။
ထိုအချိန်တွင် HDD or SSD ကောင်းမကောင်း စစ်ပြီး ကောင်းလျှင်
Windows အသစ် ပြန်တင်ပြီး သုံးကြည့်ပါ။
တကယ်လို့ မိမိ စက်က Multi-Tasking များများ လုပ်မှ လေးလာတယ်
ဆိုရင်တော့ task manager ခေါ်ပြီး RAM usage ကို ကြည့်ပေးပါ။
RAM က 4GB လောက်ပဲ စိုက်ထားလို့ usage မှာ ၉၀% အထက် ပြနေ
ရင်တော့ Task များများဖွင့်တိုင်း ပိုပို လေးလာမှာပါ။ အခန့်မသင့်ရင်
စက်က Restart ကျသွားတာ မျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ထိုအချိန်တွင်
RAM ထပ်တိုးပေးရင် အဆင်ပြေနိုင်ပါတယ်။

( 𝟒 ) HDD or SSD ရဲ့ usage ကို ကြည့်ပါ။
SSD သုံးထားပြီး usage အရမ်းများနေရင်တော့ Windows Update
လုပ်ကြည့်ပါ။ ပြန်ကောင်းဖို့ များပါတယ်။ Windows update လုပ်တာ
တောင် လေးနေသေးတယ်ဆိုရင် တော့ SSD ကို စစ်ပြီး WINDOWS
အသစ်ပြန်တင်ကြည့်ပါ။ SSD ပျက်လျှင်လည်း လေးလာတာတို့၊ File
တွေ ဖျက်မရတာတို့ ဖြစ်တတ်ပါတယ်။
တကယ်လို့ မိမိ က ရိုးရိုး HDD ပဲ သုံးထားတာ ဆိုရင်တော့ SSDလောက်
မမြန်နိုင်တာကြောင့် Windows တက်ပြီး ၃မိနစ်လောက် ကြာမှ စသုံး
ကြည့်ပါ။ အဲ့လို သုံးတာတောင် လေးနေသေးတယ်ဆိုရင်တော့ HDD
ကောင်းမကောင်း စစ်ပြီး Windows အသစ် ပြန်တင်ကြည့်ပါ။
( 𝟓 ) အားလုံး သုံးလို့ အဆင်ပြေပြီး Graphic Software တွေ သုံးမှ လေးနေ
တာဆိုလျှင် Windows ကို Right Click နှိပ်ပြီး Device Manager ထဲကို
ဝင်ပါ။ Device Manager ထဲရောက်လျှင် Display Adaptor အောက်မှ
Graphic Card ကို ကြည့်ပီး သက်ဆိုင်ရာ Graphic Driver ကို
သက်ဆိုင်ရာ Website မှ ယူပီး Update လုပ်ပေးပါ။

အထက်ပါနည်းများ အတိုင်း လုပ်ကြည့်လို့ အဆင်မပြေခဲ့ရင် ရုံးချိန် အတွင်း ဖုန်းဆက်‌မေးမြန်းနိုင်ပါသည်။

ဒါနဲ့ ကြော်ငြာလေး နည်းနည်း လောက်တော့ ဝင်ပါရစေနော်

လူကြီးမင်းတို့ရဲ့ အိမ်၊ ကျောင်း၊ ရုံး၊ လုပ်ငန်းများ အတွက် ကွန်ပျူတာ ပြင်ချင်တာပဲ ဖြစ်ဖြစ်, Local Network ချိတ်ဆက်ချင်တာပဲ ဖြစ်ဖြစ် ၊ Printer ပြင်ချင်တာ၊ Printer Sharing လုပ်ချင်တာပဲ ဖြစ်ဖြစ် ကျွန်တော် တို့ MHP Computer Service ကို ဆက်သွယ်နိုင်ပါတယ်နော်။
လူကြီးမင်းတို့ ရုံးမှ ကွန်ပျူတာများ လစဥ်ပြုပြင် ထိမ်းသိမ်းများ ပြုလုပ် လိုလျှင်လည်း စာချုပ်ချုပ်ဆိုထားနိုင်ပါသည်။
ဒါ့အပြင်
License ဝယ်ချင်တာပဲ ဖြစ်ဖြစ်
RAM တိုးချင်တာပဲ ဖြစ်ဖြစ်
HDD တိုးချင်တာပဲ ဖြစ်ဖြစ်
SSD စိုက်ချင်တာပဲ ဖြစ်ဖြစ် ဖုန်းတစ်ချက်ဆက်ရုံနဲ့ အိမ်, ရုံး ၊ ကျောင်း၊ စက်ရုံများထိ အကောင်းဆုံးဖြစ်အောင် လိုက်လံ တပ်ဆင် ပေးပါတယ်နော်။
Laptop များ
ပါဝါမလာခြင်း ၊ အားမဝင်ခြင်း၊ ထောက်ကျိုးခြင်း၊ မှန်ကွဲခြင်း၊ ကီးဘုတ် နှိပ်မရခြင်း စသည့် Error ပေါင်းစုံကိုလည်း လာယူ/ ပြန်ပို့ စနစ်ဖြင့် ပြုပြင်ဆောင်ရွက် ပေးပါသည်။
2017 မှ 2023 နှစ်ကုန် ( ယခုအချိန် ) ထိ စာချုပ်ချုပ်ဆို၍ လုပ်ကိုင်လျှက် ရှိသော ကုမ္မဏီများ အတော်သင့် ရှိသည့်အပြင် / ကျွန်တော်တို့ နဲ့ လက်တွဲ လုပ်ကိုင်ဖူးသော အိမ်၊ ကျောင်း၊ ကုမ္မဏီ များမှာ ရန်ကုန်မြို့ရဲ့ မြို့နယ် တိုင်းတွင် အနည်းဆုံး ( ၆၀ ) ဦးခန့် ရှိပြီ ဖြစ်သည့် အတွက် ယုံကြည် စိတ်ချစွာ လက်တွဲ နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
Laptop Motherboard များ ပြုပြင်ချင်တယ်ဆိုရင်လည်း ဖုန်းလေးတစ်ချက်ဆက်ရုံဖြင့်
ရန်ကုန်မြို့အတွင်း လာယူ/ ပြန်ပို့ စနစ်ဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးပါသည်။
နယ်က မိတ်ဆွေများအနေဖြင့် Royal Express, MGL
Express တို့ဖြင့် ပို့ဆောင်ပေးနိုင်ပါသည်။


MHP Computer Service

Phone : 09.785339901, 09.965726404
Viber : 09.785339901
Email : myanmar.mhp@gmail.com

No comments: