Breaking

Monday, September 2, 2019

သင့်ကွန်ပျူတာ အလုပ်လုပ်တာ နှေးကွေးနေပါသလား?


သင့်ကွန်ပျူတာ အလုပ်လုပ်တာ နှေးကွေးနေပါသလား။
++++++++++++
နောက်ဆုံးပေါ် Corei7 8th Generation Processor၊ RAM 8GB တပ်ဆင်ထားပြီး သင့်ကွန်ပျူတာ အလုပ်လုပ်တာ နှေးနေတယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့အချက်တွေကို လိုက်လုပ်ကြည့်လိုက်ပါ။ မထင်မှတ်အောင် မြန်ဆန်သွားပါလိမ့်မယ်။ အချို့သော အချက်တွေကို သင်သိပြီးသား ဖြစ်နိုင်ပေမယ့် အချို့ကတော့ သင်သိချင်မှ သိပါလိမ့်မယ်။ 
Windows 10 (64-bit) ကွန်ပျူတာဖြင့် နမူနာ ပြသထားပါတယ်။

(၁) Power Option ကို ပြုပြင်ခြင်း။
Control Panel ကနေ Power Option ကိုဝင်ရောက်ပြီး Balanced Mode ကနေ Ultra Performance Mode ကို ပြောင်းလိုက်ပါ။ (Windows ဟာ default အနေနဲ့ Power ချွေတာနိုင်အောင် Hardware တွေရဲ့ Resoure တွေကို အကုန်အသုံးမချပါဘူး။)



(၂) မလိုအပ်တဲ့ Startup Program တွေကို ပိတ်ခြင်း။
Startup Program ဆိုတာ သင် Windows ထဲ Login လုပ်တာနဲ့ စတင်အလုပ်လုပ်မယ့် Program တွေပါ။ သင်ဟာအချို့သော Program တွေကို Install လုပ်ခဲ့ပေမယ့် အချိန်ပြည့်သုံးနေတဲ့ Program မဟုတ်ဘူးဆိုရင် ဒီ Program တွေကို Disable လုပ်နိုင်ပါတယ်။ ဒါဆိုရင် Windows ရဲ့ Startup Time ကို ပိုမိုလျင်မြန်စေမှာ ဖြစ်ပါတယ်။

(၃) Disk Defragmenter ကို သုံးပါ။
Disk Defragmenter တစ်ခုခု (O & O Defrag Program ကတော့ လုပ်ဆောင်ချက် ပိုမိုကောင်းမွန်ပါတယ်။) နဲ့ ဖိုင်တွေကို စီပေးဖို့ လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ Windows ကို အသုံးပြုတာ ကြာလာတဲ့အခါ (Drive မှာ နေရာလွတ်လည်း နည်းလာတဲ့အခါ) ဖိုင်ဆိုက်အကြီးတွေကို နေရာအနှံ့ နေရာချပစ်ပါတယ်။ ဒီတော့ ဒီဖိုင်ကို ပြန်ဖတ်တဲ့အခါ နေရာအနှံ့ကနေ ပြန်ဖတ်ရတဲ့အတွက် အချိန် အရမ်းကြာသလို Hard Disk ကိုလည်း သက်တမ်းတိုစေပါတယ်။ ဒီတော့ Defragmenter Tool တစ်ခုခုကို သုံးပြီး ဖိုင်တွေကို ပြန်စီဖို့လိုပါတယ်။ သတိထားရမယ့်အချက်တစ်ခုကတော့ Defragmenter ဟာ နေရာလွတ်နည်းနေတဲ့ Drive တွေက ဖိုင်တွေကို ပြန်စီတဲ့အခါမှာ ထင်သလောက် မစွမ်းဆောင်နိုင်ပါဘူး။ ဒီတော့ Drive ထဲမှာရှိတဲ့ ဖိုင်အကြီးစားတွေကို (အထူးသဖြင့် Windows တင်ထားတဲ့ Drive) အခြားသော Drive တစ်ခုသို့ ခေတ္တ နေရာရွှေ့ပြီးမှ ဖိုင်များကို စတင်စီပါ။
မှတ်ချက်။ *.dmp ကဲ့သို့သော ဖိုင်ကြီးများကိုမူ ဖျက်ပစ်နိုင်ပါသည်။ ထိုဖိုင်များသည် System Administrator, Reverse Engineer များက Program အားနည်းချက်များကို ရှာဖွေရန် Windows က အလိုအလျောက် ဖန်တီးပေးသော ဖိုင်ဖြစ်ပါသည်။

(၄) Temporary ဖိုင်များကို ဖျက်ပစ်ပါ။
Windows Key နှင့် R Key တို့ကို တွဲနှိပ်၍ Run Box ကိုခေါ်ယူပါ။ ၎င်းနောက် %temp% ဟု ရိုက်ထည့်ပြီး Windows ၏ Temporary Folder ကို သွားပြီး ၎င်း Folder အောက်ရှိ ဖိုင်များကို ဖျက်ပစ်ပါ။ (မှတ်ချက်။ အချို့သော ဖိုင်အချို့မှာ လက်ရှိတွင် အသုံးပြုနေသည့်အတွက် ဖျက်ပစ်၍ မရနိုင်ပါ။)
Windows ၏ Temporary Folder သည် Program တစ်ခုခုအား Install ပြုလုပ်ချိန်တွင် ဖိုင်များကို ယာယီနေရာချထားသည့်နေရာ ဖြစ်ပါသည်။ အချို့သော Installer များက အလိုအလျောက် ပြန်ဖျက်သွားသော်လည်း အချို့ကမူ ဖျက်သွားခြင်း မရှိသည့်အတွက် ကြာလာသည့်အခါ ထို Folder ထဲတွင် ဖိုင်များစွာ ရောက်ရှိနေပါသည်။ 
အလားတူ C:\Windows\Temp အောက်ရှိဖိုင်များကိုလည်း ဖျက်ပစ်နိုင်ပါသည်။

(၅) Cleanup Tool ကို အသုံးပြုပါ။
Windows တင်ထားသော Drive (ဥပမာ - C:\ Drive) ပေါ်တွင် Right-Click နှိပ်ပြီး Disk Cleanup Button ကိုနှိပ်ပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း CheckBox တွေကို ရွေးပြီး Clean လုပ်လိုက်ပါ။
မှတ်ချက်။ ယခင် ရှိပြီးသား Windows တွင် နောက်ထပ် Windows ထပ်တင်ထားပါက ယခင်အသုံးမပြုတော့သည့် Windows ဖိုင်များကိုပါ တခါတည်း ဖျက်ပစ်မည် ဖြစ်ပါသည်။ မလိုတော့သော Windows Update ဖိုင်များကိုပါ ဖျက်ပစ်မည် ဖြစ်ပါသည်။

(၆) မလိုအပ်သော Services များကိုပိတ်ခြင်း။
Windows Key နှင့် R Key တို့ကို တွဲနှိပ်၍ Run Box ကိုခေါ်ယူပါ။ Run Box တွင် msconfig ကိုရိုက်ထည့်ပြီး Windows တွင် တစ်ခါတည်းပါလာသော၊ ကိုယ်အသုံးမလိုသော Service များကို ပိတ်နိုင်ပါသည်။ 
မှတ်ချက်။ မိမိ၏ Hardware နှင့်သက်ဆိုင်သော Driver Service များကို ပိတ်ရန် မလိုပါ။ သို့သော် Bluetooth Service ကဲ့သို့သော ကိုယ်မသုံးသော Service များကိုမူ ပိတ်ထားနိုင်ပါသည်။


(၇) Registry လျှို့ဝှက်ချက်
Windows Key နှင့် R Key တို့ကို တွဲနှိပ်၍ Run Box ကိုခေါ်ယူပါ။ Run Box တွင် regedit ဟုရိုက်ထည့်ပြီး Registry Editor ကို ခေါ်ယူပါ။ 
Computer\HKEY_CURRENT_USER\Control Panel\Desktop မှ MenuShowDelay တန်ဖိုးကို 400 မီလီစက္ကန့်အစား 10 ဟုပြင်ပါ။ 
အလားတူ Computer\HKEY_CURRENT_USER\Control Panel\Mouse အောက်မှ MouseHoverTime တွင်လည်း 400 မီလီစက္ကန့်အစား 10 ဟုပြင်ပါ။


(၈) Visual Effect များကို ပြုပြင်ခြင်း
This PC (My Computer) ပေါ်တွင် Right-Click နှိပ်ပြီး Properties ကို ရွေးချယ်ပါ။ ၎င်းနောက် Advanced System Settings ကိုနှိပ်ပြီး Advanced Tab မှ Settings ကို ရွေးပါ။ Visual Effects Tab တွင် Adjust for Best Appearance အစား Custom ကိုရွေးချယ်ပြီး "Show shadows under mouse pointer" နှင့် "Smooth edges of screen fonts" ကိုသာ ရွေးချယ်ပါ။


(၉) Windows Defender အစား အခြားသော Antivirus ပြောင်းသုံးခြင်း။
ဤနည်းကိုမူ အခြားသော Antivirus ဝယ်သုံးထားသူများသာ အသုံးပြုသင့်ပါသည်။ Windows Defender တွင် Malware များကို ကာကွယ်ရန်အတွက် Anitvirus/Account Protectrion/Firewall/Ransomware Protection စသည့် Fature မြောက်မြားစွာ ပါဝင်သည့်အတွက် လုံခြုံစိတ်ချရမှု ပိုရှိသလို Memory တွင်နေရာယူမှုများခြင်း၊ CPU Usage သုံးစွဲမှုများခြင်းတို့ ဖြစ်ပေါ်စေသည့်အတွက် Firewall Function ကို အသုံးမပြုလိုသူများအတွက် Free Kaspersky Antivirus (Free Version တွင် File Antivirus သာ ပါရှိပါသည်) ကဲ့သို့ ပေါ့ပါးပြီး လုံခြုံမှုလည်းရှိသော Antivirus များကို ပြောင်းလဲအသုံးပြုသူလိုများအတွက်မူ Group Policy Editor (gpedit.msc) မှ Computer Configuration -> Administrative Templates -> Windows Components -> Windows Defender Antivirus -> Turn off Windows Defender Antivirus ကို Disable ပြုလုပ်နိုင်ပါသည်။


MHP Computer Service

Phone : 09.785339901, 09.965726404
Viber : 09.785339901
Email : myanmar.mhp@gmail.com

No comments: