Breaking

Saturday, August 10, 2019

Login ဝင်မရခြင်း ပြဿနာဖြေရှင်းနည်း


Windows 7 ကွန်ပျူတာတွေမှာ အဖြစ်များကြတဲ့ “The User Profile
Service service failed the sign-in. User profile cannot be loaded.”
ပြဿနာဖြေရှင်းနည်းကို ဖော်ပြပေးလိုက်ပါတယ်။
Registry ထဲမှာဝင်ပြင်ရမှာ
ဖြစ်တဲ့အတွက် တစ်ခုခုမှားသွားရင် ပြဿနာထပ်ဖြစ်နိုင်လို့မလုပ်တတ်ရင်
မလုပ်ပါနဲ့။ အရင်ဦးဆုံးကို ကွန်ပျူတာကို ဝင်လို့ရတဲ့ နောက်တစ်ကောင့်
ရှိသေးရင် အဲ့ဒီအကောင့်နဲ့ဝင်လိုက်ပါ။ မရှိရင် Safe Mode နဲ့ဝင်လိုက်ပါ။

Windows + R ကို တွဲနှိပ်၊ Run Box မှာ regedit ကိုရိုက်ထည့်ပါ။


Registry ထဲကို အောက်ပါ Path လမ်းအတိုင်း တစ်ဆင့်ချင်းဝင်သွားလိုက်ပါ။

HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\ProfileList

Profile List အောက်မှာ S-1-5-21...နဲ့စတဲ့ ဖိုဒါနှစ်ခုကို တွေ့ရမယ်။
အဲ့ဒီနှစ်ခုမှာ .bak နဲ့ဆုံးတဲ့ တစ်ခုကို Right Click\Rename လုပ်ပြီး
ဖိုဒါနောက်ဆုံးမှာ .ba လို့ပြောင်းပေးလိုက်ပါ။ S-1-5-21...စတဲ့ ဒုတိယဖိုဒါ
တစ်ခုကိုလည်း Right Click\Rename နှိပ်၊ ဖိုဒါနောက်ဆုံးမှာ .bak ကို
ထည့်ပေးလိုက်ပါ။

ပထမဖိုဒါကို .ba လို့ပြောင်းခဲ့တာကို Right Click\
Rename လုပ်ပြီး .ba ကိုဖျက်ပေးလိုက်ပါ။ အခု .bak နဲ့ .bak မပါတဲ့
ဖိုဒါနှစ်ဖြစ်သွားပါမယ်။ .bak မပါတဲ့ ဖိုဒါတစ်ခုရဲ့ညာဘက်ဘေးမှာ
RefCount ကို Right Click\Modify\Value Data မှာ 0 ပေး၊ OK နှိပ်ပါ။
နောက်အောက်ဆုံးမှာ State မှာကိုလည်း Right Click\Modify\Value
Data မှာ 0 ပေး၊Ok နှိပ်၊ Registry ထဲကထွက်ပြီး စက်ကို Restart ပေးပါ။

ဝင်လို့မရတဲ့ User Account နဲ့ပြန်ဝင်လို့ရသွားပါမယ်။ ပုံတွေထဲမှာတော့
အခုကိုင်နေတဲ့စက်က ဘာမှမဖြစ်လို့ Screenshot အနေဖြင့်သာပြထားပါတယ်။
#Crd

MHP Computer Service       
Phone : 09.785339901, 09.965726404 
Viber : 09.785339901       
Email : myanmar.mhp@gmail.com

No comments: