Breaking

Wednesday, July 17, 2019

Hard Disk ကို Virtual RAM လုပ်ပြီးသုံးနည်း


Hard Disk ကို Virtual RAM လုပ်ပြီးသုံးနည်း

ကွန်ပျူတာမှာ Run နေတဲ့ Program တွေများလာတဲ့အခါ၊ Browser မှာ ဖွင့်ထားတဲ့ Tab တွေများလာတဲ့အခါ သုံးရင်းနဲ့ စက်ဟန်းသွားတတ်ပါတယ်။ မိမိကွန်ပျူတာမှာ လုပ်ဆောင်နေမှုမှန်သမျှကို HDD မှာ Save မလုပ်မချင်း RAM က အဲ့ဒီ လုပ်ဆောင်မှုတွေကို ခဏသာ မှတ်သားနေရလို့  ဖွင့်ထားတဲ့ Program, Software တွေများလာတာနဲ့  RAM Size ကလည်း လုံလောက်မှုမရှိတော့လို့ စက်က သုံးမရတော့ပဲ ဟန်းနေတတ်ပါတယ်။

မိမိစက်က RAM ပမာဏနည်းနေရင် ထပ်စိုက်လို့ ရ၊မရ စစ်ကြည့်ပြီး လိုအပ်သလို ထပ်စိုက်နိုင်ပါတယ်။ RAM ဈေးနှုန်းတွေတက်နေလို့  ဝယ်မစိုက်နိုင်သေးရင် အခုဖော်ပြမယ့် နည်းလေးကို လုပ်ကြည့်ရင်လည်း ကွန်ပျူတာအသုံးပြုရတာ ပိုမြန်ဆန်လာပါလိမ့်မယ်။ ကွန်ပျူတာ System Properties ကို ဝင်သွားလိုက်ပါ။ ကီးဘုတ်မှာ Pause Break Key ပါရင် Windows Key နဲ့ Pause Break Key ကို တွဲနှိပ်ပါ။ Pause Break Key မပါသူများအတွက် My Computer ကို Right Click နှိပ်၊ အောက်ဆုံးက Properties ကိုနှိပ်ပါ။

Control Panel ကနေလည်းဝင်လို့ ရတယ်။ ဘယ်ဘက် Panel အပေါ်နားမှာ Advanced System Properties ကိုနှိပ်ဝင်ပါ။ Advanced Tab အောက်က Performance အောက်က Settings ကိုနှိပ်ပါ။ နောက်ထပ် Performance Options ရဲ့ Advanced Tab အောက်က Virtual Memory အောက်မှာ Change ဆိုတာကို နှိပ်ပါ။ Automatically manage paging file size ဘေးနားက အမှန်ခြစ်ကို ဖြုတ်လိုက်ပါ။ ပြီးရင် အောက်မှာ Custom Size မှာ အမှန်ခြစ်ခြစ်ပြီး မိမိလိုသလောက် RAM Size သတ်မှတ်ပေးလိုက်ပါ။ 1GB တိုးမယ်ဆိုရင် 1024, 2GB ဆိုရင် 2048MB စသည်ဖြင့် လိုသလိုထည့်ပေးလိုက်ပါ။ ပြီးရင် OK\OK-Apply\OK နှိပ်ပြီး စက်ကို Restart ချပေးလိုက်ပါ။ ကွန်ပျူတာ အသုံးပြုရတာ အရင်ကထက် ပိုမြန်ဆန်လာပါလိမ့်မယ်။ စက်လည်း ဆိုးဆိုးဝါးဝါးကြီး ဟန်းတော့မှာ မဟုတ်ဘူး။






MHP Computer Service       
Phone : 09.785339901, 09.965726404 
Viber : 09.785339901       
Email : myanmar.mhp@gmail.com

No comments: