Breaking

Wednesday, July 24, 2019

User Account အမျိုးစားများအကြောင်းသိကောင်းစရာ

User Account အမျိုးစားများအကြောင်းသိကောင်းစရာ

ကွန်ပျူတာထဲကိုဝင်ရောက်အသုံးပြုဖို့ ရန်အတွက် User
Account တစ်ခုရှိရပါမယ်။ တစ်ချို့ လုပ်ငန်းတွေမှာတော့
Duty အပြောင်းအလဲလုပ်ကြတဲ့အချိန်မှာ Duty ကျတဲ့
ဝန်ထမ်းတစ်ယောက်က မိမိ User Acc နဲ့ ဝင်သုံးရပါတယ်။
ဝန်ထမ်းအရေတွက်များပြီး ကွန်ပျူတာနည်းတဲ့လုပ်ငန်းတွေ
မှာလည်း ရှိတဲ့ကွန်ပျူတာတွေမှာ User Account ကိုယ်စီနဲ့ 
ဝင်သုံးကြပါတယ်။ User Account တွေထဲမှာလည်း အောက်
ပါအတိုင်း အမျိုးစား(၆)မျိုးကွဲပြားပါသေးတယ်။


1. Administrator Built-in
Build-in Admin အကောင့်ကို အရေးတကြီးအသုံးပြုဖို့ ရန်
အတွက်သာ Create လုပ်ထားတဲ့ Windows တင်ပြီးရင်
ပါလာသော Admin အကောင့်တစ်ခုဖြစ်ပါတယ်။ Built-in
အကောင့်နဲ့ ပုံမှန်သုံးနေသလို အသုံးပြုနေရင် အဆင်ပြေနိုင်မှာ
မဟုတ်ပါဘူး။ တစ်ချို့ Apps, Software တွေကို Install လုပ်ခွင့်၊
ပြင်ခွင့်တွေရှိမှာမဟုတ်ပါဘူး။ တစ်ချို့ ဖိုင်တွေလည်း Built-in
Acc နဲ့ ဖွင့်လို့ မရနိုင်တာတွေရှိပါတယ်။ ပြဿနာတစ်ခုခုကြောင့်
ပုံမှန်အသုံးပြုနေတဲ့အကောင့်တစ်ခုကဝင်လို့ မရတော့တဲ့
အချိန်မှာသာ Built-in အကောင့်နဲ့ ပြန်လည်ပြင်ဆင်မှုတွေ
ပြုလုပ်ကြပါတယ်။ Windows တင်တဲ့အချိန်မှာ User Account
တစ်ခုဆောက်ခဲ့ရင် Built-in Acc က Disable ဖြစ်နေတတ်ပါတယ်။
Built-in Admin Account ကို ပြဿနာတွေဖြစ်လာတဲ့အချိန်
စက်ပိုင်းဆိုင်ရာတွေ ပြင်ဆင်မှုများပြုလုပ်ချင်ရင် Local Users &
Group ထဲဝင်ပြီး Enable ပေးထားသင့်ပါတယ်။


2. Administrator
Admin Account ဆိုတဲ့အတိုင်း ကွန်ပျူတာတစ်ခုလုံးရဲ့ Settings
များကို ပြင်ဆင်ခွင့်၊ Apps,Software များထည့်ခွင့်၊ဖြုတ်ခွင့် အစ
ရှိသော Permission များရှိပါတယ်။ Admin Right ရှိသော Acc
ကပဲ ကွန်ပျူတာတစ်ခုကို ကြိုက်သလိုလုပ်ဆောင်ခွင့်ရှိပါတယ်။


3. Standard
ပုံမှန်အသုံးပြုသူအကောင့်ကတော့ ကွန်ပျူတာ Settings တွေ
ပြင်ဆင်ခွင့်၊ Apps, Software တွေ ထည့်ခွင့်၊ဖြုတ်ခွင့်ရှိမှာ
မဟုတ်ပါဘူး။ စက်ထဲမှာ ထည့်ထားတဲ့ Program, Software
တွေကို သာမှန်အသုံးပြုရုံလောက်သာ အသုံးပြုနိုင်ပါတယ်။


4. Microsoft Account
Microsoft Account ကိုလည်း Admin,Standard အကောင့်အဖြစ်
Permission ပေးထားနိုင်ပါတယ်။ သူကတော့ Microsoft နဲ့ ပတ်
သက်သော Feature အသစ်များကို အသုံးပြုနိုင်ရန်၊ File များကို
အကောင့်နဲ့ Cloud ပေါ်မှာ သိမ်းထားနိုင်ရန် အစရှိသော ဝန်ဆောင်
မှုများကို အသုံးပြုနိုင်ဖို့ Windows Update တွေမှာအသုံးပြုကြပါတယ်။


5. Guest Account
ဒီအကောင့်ကိုတော့ ကွန်ပျူတာကို သူများအကောင့်နဲ့ ဝင်မသုံးချင်ဘူး။
အကြာကြီးလည်း မသုံးဘူး၊ ခဏတစ်ဖြုတ်လောက်သာ ကိုယ့် profile နဲ့ အသုံးပြုချင်သူတွေအတွက် Create လုပ်ပေးရတဲ့အကောင့် ဖြစ်ပါတယ်။ သူကလည်း Standard Acc လိုပါပဲ၊အပြည့်အဝ အသုံးပြုလို့ မရနိုင်ပါဘူး။


6. Child
အသက်ငယ်ကလေးများအသုံးပြုရန်အတွက် ပြုလုပ်ပေးရသော
အကောင့်ဖြစ်ပါတယ်။ ဒီအကောင့်ကလည်း Standard Acc
Permission အတိုင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Child အကောင့်ကို
ဝင်သုံးနေတာနဲ့ ကွန်ပျူတာက ကလေးသူငယ်များအတွက် ကန့် သတ်
ထားသော လုံခြုံရေးဆိုင်ရာများ အလိုအလျှောက် ON နေမှာဖြစ်ပါတယ်။
Website တွေထဲ ဝင်တဲ့အခါ မဝင်သင့်သော ဆိုဒ်များကို ပိတ်ထားမှာ
ဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့ စည်းကြီးသော Server ကွန်ပျူတာတွေမှာတော့
ရာထူးအလိုက်၊ငှာနအလိုက်ခွဲပြီး User Account နာမည်အခေါ်ဝေါ်ပေါင်း
များစွာရှိပါသေးတယ်။

MHP Computer Service       
Phone : 09.785339901, 09.965726404 
Viber : 09.785339901       
Email : myanmar.mhp@gmail.com

No comments: