Breaking

Saturday, July 27, 2019

ကွန်ပျူတာဘက်ထရီသက်တမ်းကြာရှည်ခံစေဖို့ Setting တွေ ချိန်ထားမယ်



ကွန်ပျူတာဘက်ထရီသက်တမ်းကြာရှည်ခံစေဖို Setting တွေ ချိန်ထားမယ်

ကွန်ပျူတာဘက်ထရီကြာရှည်ခံစေဖို့ ဘယ်လိုလုပ်ရမလဲ အမေးများထားလို့ ဒီပို့ စ်ကို တင်လိုက်ပါတယ်။ အခုဖော်ပြမှာကတော့ Windows 10 သုံးတဲ့သူတွေအတွက် အဓိကဖော်ပြပေးချင်ပါတယ်။ Windows 7,8 မသုံးတာကြာနေလို 7,8 သမားတွေအတွက်တော့ တူချင်မှ တူပါမယ်။
 
အရင်ဦးဆုံး ဘက်ထရီပျက်စီးစေနိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးသွားပါမယ်။
(1) ဘက်ထရီကို အားကုန်တဲ့အထိ အားမသွင်းပဲ သုံးနေရင်ကြာရင် ပျက်စီးနိုင်ပါတယ်။
(2) ကွန်ပျူတာမှာဆော့ဝဲလ်တွေ အများအပြာသုံးနေရင် တစ်ချို့ ဆော့ဝဲလ်တွေက ဘက်ထရီအား အလွန်အကျွံသုံးတဲ့အတွက် ကြာရင်ပျက်စီးနိုင်ပါတယ်။
(3) မီးအတက်အကျမငြိမ်ရင် ပျက်စီးတတ်ပါတယ်။
(4) 100 % အထိပြည့်နေသော်လည်း မဖြုတ်ပဲ သွင်းထားရင် အခုနေ ဘာမှမဖြစ်ပေမယ့် ကြာလာရင် ပျက်စီးတတ်ပါတယ်။
(5) ဗို့ အားမတူတဲ့ တစ်ခြား Adapter နဲ့ သွင်းရင်လည်း ပျက်စီးနိုင်ပါတယ်။
(6) ဘက်ထရီသက်တမ်းကုန်သွားရင်လည်း အားမဝင်တော့ပဲဖြစ်နေမှာပါ။
(7) စက်ရုံကထုတ်ကတည်းက မကောင်းလို့ ပျက်စီးတာလည်း ဖြစ်နိုင်ပါတယ်။
(8) တစ်ခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ကျွန်တော် အထင်တွေပဲ ရေးသားထားတာ ဖြစ်ပါတယ်။


အဲ့ဒီလို မပျက်စီးစေဖို ဘယ်လိုကြိုတင်ကာကွယ် လုပ်ဆောင်ရမလဲ။ ဘက်ထရီအား မကုန်လွယ်စေဖို ဘက်ထရီအားကို အကန့် သတ်နဲ့ သုံးမယ်။ အရင်ဦးဆုံး Battery Saver Mode ကို သုံးမယ်။ Notification Action Center Icon ကို နှိပ်လိုက်ပါ။ Battery Saver ကို Click တစ်ချက်နှိပ်ပေးလိုက်ရင် On ဖြစ်သွားမှာပါ။ မိမိကွန်ပျူတာ Screen လည်းနည်းနည်းမိန်သွားမှာပါ။ နောက်တစ်နည်းက Brightness ကို အတိုးအလျှော့လုပ်မယ်။ ခုနကလိုပဲ Notification Icon ကို နှိပ်လိုက်ပါ။ Brightness ပုံလေးကို click တစ်ချက်စီနှိပ်ပေးလိုက်ရင် 0%, 25%, 50%, 75% ,100% အထိ အတိုးအလျှော့ချိန်လို့ ရတယ်။ 25 % ထားရင် ဘက်ထရီအကုန်ကျနည်းပါတယ်။ Action Center မှာ Battery Saver, Brightness Icon မထည့်ထားရင် Settings ထဲက Notification & Actions ထဲဝင်ပြီး ထည့်လို့ ရပါတယ်။
 


  ဒါမှမဟုတ်ရင်လည်း Control Panel\All Control Panel Items\Power Options ထဲဝင်ပါ။
လက်တော့ပေါ်က ဘက်ထရီပုံကို Right Click နှိပ်ပြီး power options ကိုနှိပ်ဝင်လည်းရတယ်။ အဲ့ဒီမှာ On battery ဆိုတာနဲ Plugged in ဆိုပြီး options နှစ်ခုရှိပါမယ်။ Computer Display ကို ဘယ်အချိန်ဘယ်နစ်မိနစ်ကြာရင် ပိတ်စေချင်သလဲ Turn off the display မှာ ကြိုက်သလိုရွေးပေးလိုက်ပါ။ ဘယ်အချိန် sleep ဖြစ်စေချင်သလဲ put the computer sleep မှာ ကြိုက်တဲ့မိနစ်ကိုရွေးပေးပါ။ ဘက်ထရီအားသက်သာစေချင်တဲ့အတွက် အနည်းဆုံးမိနစ်တွေကို ရွေးပေးလိုက်ပါ။ Adjust plan brightness မှာလည်း အနည်းဆုံး အတိုးအလျှော့လုပ်ပါ။ 

Change Advanced power settings ကို နှိပ်ပါ။ Balanced Active အောက်မှာ ကွန်ပျူတာရဲ့ ဘယ်အစိတ်ပိုင်းတွေမှာ ဘက်ထရီကို ဘယ်အချိန်မှာ အပိတ်အဖွင့်လုပ်ဖို options တွေတွေ့ ရမှာဖြစ်ပါတယ်။ ကျွန်တော့်ကွန်ပျူတာမှာတော့ Harddisk ကနေစပြီး Battery အထိ အာလုံးပေါင်း 13 ခုရှိပါတယ်။ အဲ့ဒီတစ်ခုချင်းစီကို ဘေးမှာပါတဲ့ အပေါင်းလက္ခဏာကို ထပ်ချဲ့ လိုက်ပါ။ အဲ့ဒီမှာ တစ်ခုချင်းစီကို 10 မိနစ်စသည့်ဖြင့် အနည်းဆုံး level ထား၊ တစ်ချို့ မလိုအပ်တာတွေကို Paused လုပ်ထား၊ တစ်ချို့ ကို Disable လုပ်ထား စသည့်ဖြင့် မိမိလိုအပ်သလိုချိန်ညှိပါ။ အခုပြောချင်တာက အောက်ဆုံးက Battery ရဲ့ ဘေးနားက အပေါင်းလက္ခဏာကို နှိပ်ပါ။ Low battery level မှာ ဘယ်မိနစ်ဆို low level ဖြစ်ချင်သလဲ သတ်မှတ်ပါ။ ဘက်ထရီအားနည်းနေရင် Notification ပြဖို low battery notification မှာ On လုပ်ထားပါ။ ဘက်ထရီ အားကုန်နေလို့ ဘယ်မိနစ်ဆို စက်ကို ဘာလုပ်စေချင်သလဲ သတ်မှတ်ပေးပါ။ ကျနော်ကတော့ sleep ပေးထားတယ်။ မိမိကြိုက်သလို သတ်မှတ်ပေးထားလိုက်ပါ။ အကုန်လုံးပြီးရင် Ok နှိပ်ထွက်ပြီး Save Change လုပ်ဖို့ မမေ့ပါနဲ့ ။  

 အဲ့ဒီ power option အောက်မှာပဲ ကိုယ်တိုင် power plan တွေ ချထားလို့ ရတယ်နော်။ ဘယ်အချိန်မှာ စက်ကို ပိတ်စေချင်၊ Sleep စသည့်တွေကိုလည်း လုပ်ထားလို့ ရတယ်။ ကိုယ်တိုင်လုပ်ကြည့်ပါ။

  နောက်တစ်ခုက ဘက်ထရီအားမသုံးစေချင်တဲ့ App တွေကို ပိတ်ထားမယ်။ All Setting\ System\Battery ထဲကိုဝင်ပါ။ Battery usage by app ကို နှိပ်လိုက်ရင် ဘယ် app တွေက ဘက်ထရီဘယ်လောက်သုံးတယ်ဆိုတာ မြင်တွေ့ ရမှာပါ။ Show Filter မှာ All Apps နဲ App with usage ပြောင်းကြည့်လို့ ရတယ်။

  App တစ်ခုကို Double click နှိပ်လိုက်ရင် Let Windows decide ကို အမှန်ခြစ်ဖြုတ်ပြီး Reduce the work app ကို အမှန်ခြစ်ပေးလိုက်ပါ။ ကျန်တဲ့ App တွေကိုလည်း ဒီအတိုင်း ကန့်သတ်ထားလိုက်ပါ။ အောက်မှာ battery power saver, low screen brightness,Video performance တွေကိုလည်း ကြိုက်သလိုချိန်ညှိလိုက်ပါ။ ဘယ်လိုပဲလုပ်ထားစေဦးတော့ မိမိသုံးရင်သုံးသလောက် ဘက်ထရီအားလည်းကုန်မှာပါ။ ဘက်ထရီကလည်း လူတွေထုတ်တဲ့အရာဖြစ်တဲ့အတွက် အချိန်တန်ရင်တော့ ပျက်စီးမှုဖြစ်မှာပဲ။ Battery အားပြည့်ရင် အချက်ပေးတဲ့ ဆော့ဝဲလ်တွေရှိပါတယ်။ ဒေါင်းလုပ်ဒ်ဆွဲပြီး Install လုပ်ထားလိုက်ပါ။
#crd

MHP Computer Service       
Phone : 09.785339901, 09.965726404 
Viber : 09.785339901       
Email : myanmar.mhp@gmail.com

No comments: