Breaking

Tuesday, July 16, 2019

Safe Mode ဆိုတာဘာလဲ,Safe Mode ကို ဘယ်လိုဝင်ရမလဲ



Safe Mode ဆိုတာဘာလဲ။Safe Mode ကို ဘယ်လိုဝင်ရမလဲ
ကွန်ပျူတာနဲ့ မစိမ်းတဲ့သူတိုင်း Safe Mode ဆိုတာကို ကြားဖူးကြမှာပါ။
Safe Mode ဆိုတာကို ကြားဖူးရုံတင်မဟုတ်ပဲ Safe Mode နဲ့ ဘာတွေ
လုပ်လို့ရသလဲ၊ Safe Mode ထဲကို ဘယ်လိုဝင်ရသလဲ Safe Mode
အကြောင်း သိထားသလောက်လေး ပြန်လည်ဝေမျှလိုက်ပါတယ်။


Safe Mode မှာ Safe Mode, Safe Mode with Command Prompt,
Safe Mode with Networking ဆိုပြီး Options သုံးခုရှိပါတယ်။
Command Prompt နဲ့ Safe Mode က GUI မပါပဲ သုံးရမှာ
ဖြစ်လို့ Cmd အသုံးပြုနည်း ကျွမ်းကျင်တဲ့ Technician ဖြစ်ဖို့
လိုပါတယ်။ Networking နဲ့  Safe Mode ကတော့ Network
ချိတ်ပြီး ပြင်ဆင်ဖို့လိုအပ်တဲ့အချိန်မှာ Network ကျွမ်းကျင်တဲ့
သူတွေ အသုံးပြုကြပါတယ်။ အခုရေးသားမယ့် ပို့စ်ကတော့
ပုံမှန် Safe Mode အကြောင်း အနည်းကျဉ်းမျှသာဖြစ်ပါတယ်။


Safe Mode ကို ကွန်ပျူတာမှာ Software,Hardware,Drivers တွေကို
Install လုပ်လိုက်တဲ့အခါ စက်နဲ့ မကိုက်လို့၊ File တွေ မစုံလို့ စသည့်
အကြောင်းတွေကြောင့် ပြဿနာတက်တဲ့အချိန်၊ Windows OS ကြီး
ပြဿနာတစ်ခုခုကြောင့် တက်လာမတော့တဲ့အချိန်၊ System ပိုင်း
ဆိုင်ရာ Configuration များကို Sofe Mode နဲ့ ဝင်ပြင်မှ ရတဲ့အချိန်
တွေမှာ Safe Mode ကို အသုံးပြုကြပါတယ်။ 


Safe Mode မှာတော့
ပုံမှန် Windows OS တက်သလို Graphic, Driver တွေ အပြည့်စုံ
တက်နိုင်မှာမဟုတ်ပါ။ Safe Mode အတွက် အဓိကလိုအပ်တဲ့
အခြေခံ Drivers များကိုသာ Run လုပ်ပေးတာဖြစ်ပါတယ်။
စက်မှာတပ်ဆင်ထားတဲ့ Printer,Sanner စသည့် Device တွေ
အတွက် Driver တွေကို Loading မလုပ်ပါဘူး။ 


Graphic ဆိုရင်လည်း
Standard VGA အတွက်သာ Loading လုပ်လို့ Safe Mode ထဲမှာ
အမည်းရောင် Desktop Screen ပဲ မြင်တွေ့နိုင်ပါတယ်။ Safe Mode နဲ့
ပုံမှန် Windows တက်တဲ့ Mode မှာ Drivers တွေ ဘယ်လောက်
Run နေသလဲ စစ်ကြည့်ဖို့ ပုံမှန် Windows နဲ့ Safe Mode နှစ်ခုစလုံးမှာ
Cmd ကို ဖွင့်ပြီး အောက်ပါ command တွေထဲက ကြိုက်တာတစ်ခုကို
ရိုက်ထည့်ပြီး Run နေတဲ့ Drivers စာရင်းကို စစ်ကြည့်နိုင်ပါတယ်။

driverquery
driverquery /v
driverquery /FO list /v


Safe Mode ထဲဝင်ပြီး အသုံးပြုပုံ၊ Troubleshooting လုပ်ပုံတွေကလည်း
ပုံမှန် Windows OS သုံးသလိုဖြစ်တဲ့အတွက် အသေးစိပ်ရေးရင် အရှည်ကြီးပါ။


Safe Mode ထဲကို ဘယ်လိုဝင်ရမလဲ။ Windows 7 ဆိုရင်
စက်စတက်တက်ချင်းမှာ F8 ကို ဆက်တိုက်နှိပ်ထားလိုက်ရင်
Advanced Boot Menu မှာ Safe Mode ကို ရွေးဝင်နိုင်ပါတယ်။


Windows 7 မှာလည်း F8 နှိပ်တာမရဘူး၊ Windows 8,10 တွေ
မှာလည်း Safe Mode ထဲဝင်ချင်တယ်ဆိုရင် အောက်ဖော်ပြပါ
နည်းလမ်းတွေနဲ့ Safe Mode ထဲဝင်နိုင်ပါတယ်။


နည်းလမ်း (1) F8 Key နဲ့ Safe Mode ပြန်ဝင်နည်း
Windows OS တွေမှာ F8 နဲ့ Safe Mode ဝင်လို့ မရဖြစ်နေတယ်ဆိုရင်
Windows Key + R ကိုတွဲနှိပ်ပြီး cmd ကိုရိုက်ထည့်ပါ။ ပြီးရင် cmd ကို
Admin နဲ့ သုံးဖို့ Ctrl+Shift+Enter ကိုတွဲနှိပ်လိုက်ပါ။ Cmd Prompt မှာ
bcdedit /set {default} bootmenupolicy legacy ကို ကူးထည့်လိုက်ပါ။
ပြီးသွားရင် စက် Restart ချပြီး စက်တက်တက်လာချင်းမှာ F8 ကို နှိပ်ပြီး
Advanced Boot Options မှာ Safe Mode ကို နှိပ်ဝင်နိုင်ပါပြီ။ 



နည်းလမ်း(2) Windows 8,10 မှာ Safe Mode ဝင်နည်း
ကွန်ပျူတာ Boot မတက်နိုင်တော့တဲ့အခြေနေမျိုးမှာ Safe Mode ထဲ
ဝင်ချင်တယ်ဆိုရင် စက်ကို Power ချက်ချင်းကြီးပိတ်၊ ပြန်ဖွင့်၊ တက်လာရင်
Power ခလုတ်ကို ချက်ချင်းကြီး ပြန်ပိတ်၊ပြန်ဖွင့် အဲ့ဒီလို လုပ်နေလိုက်ရင်
Preparing Automatic Repair ဆိုတာပေါ်လာမယ်။ ပိတ်လိုက်၊ဖွင့်လိုက်
လုပ်ရခြင်းအကြောင်းက Preparing Automatic Repair ကိုပေါ်စေချင်လို့
လုပ်တာဖြစ်ပါတယ်။ အဲ့ဒီလိုမလုပ်ပဲ စက်ထဲကို Windows ခွေထည့်ပြီး
ခွေနဲ့ Boot တက်၊ Install မလုပ်ပဲ၊ Repair your pc ဆိုတာကို
နှိပ်လိုက်ရင်လည်း ရပါတယ်။ Diagnose your PC ဖြစ်နေတာ ခဏစောင့်ပြီး
Startup Repair Couldn't repair your pc လို့ ပေါ်လာရင် အောက်က
Advanced Options ကို နှိပ်လိုက်ပါ။ Choose an Option မှာ
Troubleshoot\Advanced Options\Startup Settings ကို နှိပ်ဝင်ပြီး
Restart ကို နှိပ်လိုက်ပါ။ ပြန်တက်လာရင် နံပါတ် 4 မှာ Enable Safe Mode
ဆိုတာပါပါတယ်။ အဲ့ဒါကြောင့် ကီးဘုတ်မှာ နံပါတ်လေးကို တိုက်ရိုက်
နှိပ်လိုက်တယ်ဆိုရင် Safe Mode ထဲဝင်သွားပါမယ်။ Safe Mode ထဲ
ဝင်လို့ရသွားရင် Boot မတက်နိုင်တာကို Troubleshoot လုပ်နိုင်ပါပြီ။







နည်းလမ်း (3) Misconfig မှာ Safe Mode ကို Enable ပေးနည်း
ဒီနည်းကတော့ ပုံမှန် Windows တက်နိုင်တဲ့ အခြေနေမှာ လုပ်လို့ ရတဲ့
အလွယ်နည်းလေးဖြစ်ပါတယ်။ Windows Key + R ကို တွဲနှိပ်ပါ။
Run box မှာ misconfig ကို ရိုက်ထည့်ပါ။ System Configuration
Boot ရဲ့ အောက်ဆုံးက Boot Options မှာ Safe Mode ကို အမှန်
ခြစ်ပေးပြီး Restart ချ၊ စက်တက်လာ Safe Mode ထဲဝင်သွားပါမယ်။
Safe Mode ကို မသုံးချင်တော့ရင် အပေါ်ကအတိုင်းဝင်ပြီး ပြန်ဖြုတ်ပါ။

 


နည်းလမ်း(4) Login Screen ကနေ Safe Mode ဝင်နည်း
Windows တက်ပြီးတဲ့အချိန် Login မဝင်သေးပဲ Shift Key ကို ဖိနှိပ်ထားပါ။
Laptop ရဲ့  ညာဘက်အောက်ဆုံးက Power ခလုပ်ကို နှိပ်၊ Restart ကို
နှိပ်လိုက်ပါ။ ( Shift Key + Restart) ကို တွဲနှိပ်။ } Windows RE
(Recovery environment) screen ပေါ်လာရင် အပေါ်က တတိယနည်း
အတိုင်း ဆက်လုပ်လိုက်ပါ။ 


နည်းလမ်း (5) Safe Mode ထဲမှာ Software တွေ Install လုပ်နည်း
ပုံမှန်အားဖြင့်တော့ Safe Mode ထဲမှာ Windows Installer Service ကို
သုံးခွင့်မရှိပါဘူး။ ဒါပေမယ့် Windows Installer Service ကို Enable လုပ်ပြီး
Safe Mode ကနေပဲ တစ်ချို့ ဆော့ဝဲလ်၊ Program တွေ ထည့်လို့ရတဲ့
နည်းရှိပါတယ်။ Safe Mode Command Prompt ကိုဖွင့်ပြီး အောက်ပါ
Command ကို ကူးထည့်၊ Enter နှိပ်လိုက်ပါ။

REG ADD "HKLM\SYSTEM\CurrentControlSet\Control\SafeBoot\Minimal\MSIServer" /VE /T REG_SZ /F /D "Service"


ပြီးသွားရင် net start msiserver ကို ထပ်ရိုက်ထည့်ပေးလိုက်ပါ။
အဲ့ဒါဆိုရင် Safe Mode ကနေ Program တွေကို ထည့်ခွင့်၊ဖြုတ်ခွင့်ရသွားပါပြီ။

#crd

MHP Computer Service       
Phone : 09.785339901, 09.965726404 
Viber : 09.785339901       
Email : myanmar.mhp@gmail.com

No comments: