Breaking

Monday, July 15, 2019

BIOS Password ဖြုတ်နည်း

MHP Computer Service

( 1 ) BIOS Password ဖြုတ်နည်း

မိမိကွန်ပျူတာမှာ BIOS Password တော့ သိတယ်။ ဒါပေမယ့်  စက်ဖွင့်ရင် BIOS Password မထည့်ချင်ဘူး။ သူများထည့်ထားတဲ့ Password ကို ပြန်ဖြုတ်ချင်တယ်ဆိုရင် စက်ကိုဖွင့်လိုက်ပါ။ BIOS ထဲဝင်တဲ့ Key- Del,F2,F12 စသည်ဖြင့် စက်မော်ဒယ်ပေါ်မှုတည်ပြီးတော့ စက်စတက်တဲ့အချိန်မှာ ဆက်တိုက်နှိပ်ထားလိုက်ပါ။


No photo description available.

BIOS ထဲကိုရောက်သွားရင် Advanced Mode ထဲကိုဝင်။ Security Tab ထဲဝင်ပါ။ တစ်ချို့ စက်တွေကို BIOS ထဲဝင်တာနဲ့ Advanced ကို ဝင်စရာမလိုပဲဖွင့်ဖွင့်ချင်း Security ကို မြင်ရမယ်။ Down Arrow မြှားနဲ့  အောက်ကိုဆင်းသွားပြီး Password ပေးထားတွေကို အကုန် Disable ပေးလိုက်ပါ။

ပြီးရင် F10 နှိပ် Save လုပ်ပြီး စက်ပြန်တက်လာရင် BIOS Password ထည့်ပေးရမည်မဟုတ်ပါ။


( 2 ) CMOS ဘက်ထရီ ဖြုတ်ပြီး BIOS Password ဖြတ်ကျော်နည်း
CMOS
ဘက်ထရီက ကွန်ပျူတာရဲ date,Time,BIOS Settings စတာတွေကို ကွန်ပျူတာပိတ်ပြီး နောက်တစ်ခါပြန်ဖွင့်ရင် အချိန်မှန်ကန်မှုတွေရှိအောင် မှတ်သားမှုပြုလုပ်တဲ့ ဘက်ထရီအသေးစားလေးပါ။ BIOS Password ဖြုတ်ဖို့  စက်ကိုပိတ်လိုက်ပါ။

No photo description available.



System ဗုံးအခွန်ကို ဖွင့်လိုက်ပါ။ စက်က Warrantly ကျန်သေးရင်မဖွင့်ပါနဲ့ ။ ဆိုင်သွားပြပါ။ ပုံမှာ ပြထားတဲ့အတိုင်း CMOS ဘက်ထရီကို မိနစ် 20-30 ထိဖြုတ်ထားပြီး ပြန်တပ်လိုက်ပါ။ စက်ပြန်တက်လာရင် BIOS Setting Reset  ဖြစ်သွားပါလိမ့်မယ်။ ဒီနည်းနဲ့ မရသေးဘူးဆိုရင် အောက်ကနည်းနဲ့ ပြန်စမ်းကြည့်ပါ။

( 3 ) Jumper ကိုပြောင်းတပ်ပြီး Password ဖြတ်ကျော်နည်း
ကွန်ပျူတာတွေမှာ CMOS Settings, BIOS Password တွေကို Clear လုပ်ဖို့  Jumper ဆိုတာပါပါတယ်။ Motherboard Model ပေါ်မှုတည်ပြီးတော့ Jumper ရှိနေတဲ့ နေရာ ကွဲလွဲတတ်ပါတယ်။ များသောအားဖြင့် CMOS ဘက်ထရီဘေးနားမှာ CLR CLEAR ဆိုတဲ့စကားလုံးနဲ့ တွေ့ ရပါမယ်။ အောက်ပုံမှာ ပြထားတဲ့အတိုင်း 

No photo description available.


PIN
သုံးခုနဲ့ Jumper ကိုတွေ့ ရမယ်။ ဥပမာ- PIN 1,2,3 ဆိုပါစို့ ။ အခုမိမိစက်မှာ 1 နဲ့ 2 မှာ တပ်ထားတာကို 2 နဲ့ 3 ကို ပြောင်းတပ်လိုက်ပြီး 10 စက္ကန့် လောက်
စောင့်နေလိုက်ပါ။ ပြီးရင် 1 နဲ့ 2 ကို ပြန်တပ်လိုက်ပါ။ လက်တော့ပ်ဆိုရင် Jumper နှစ်ခုကို ကြောက်လည့်စကူနဲ့ ဖြစ်ဖြစ် တစ်ခုခုနဲ့ ပူးထားလိုက်ပါ။
စက်ပြန်တက်လာရင် BIOS Password ပြုတ်သွားပါလိမ့်မယ်။


( 4 ).Clnpwd နဲ့ BIOS Password ဖြုတ်နည်း
တစ်ခြားကွန်ပျူတာတစ်လုံးမှာ Clnpwd Software ကို ဒေါင်းလုဒ်ဆွဲပါ။ USB Stick လည်း ထည့်ထားပါ။ Clnpwd ကို Extract လုပ်ပြီး HP USB Disk ဆိုတာကို Install လုပ်ပါ။ ပြီးရင် Start Menu ထဲမှာ ရှာပြီး ဖွင့်လိုက်ပါ။ 

Box တစ်ခု ပေါ်လာရင် USB Stick ကိုရွေးပေးပါ။ File System မှာ FAT32 ကိုရွေးပါ။ Volum label မှာ ကြိုက်တဲ့နာမည်ပေး။ Quick Format နဲ့ Create a DOS ဆိုတာကို အမှန်ခြစ်ပေးပြီး ခုနက Extract လုပ်ထားတဲ့ Clnwd ဆော့ဝဲလ်မှာ Ms-Dos System ဆိုရွေးပေးပါ။ ပြီးရင် Start ကိုနှိပ်ပါ။ ဆောက်တာပြီးသွားရင် Close နှိပ်။ Extract လုပ်ထားတဲ့ Clnpwd.exe ကို ကူးပြီး Stick ထဲထည့်လိုက်ပါ။ အဲ့ဒီ Stick ကို မိမိစက်မှာ ထိုးထည့်လိုက်ပါ။ စက်ကိုဖွင့်လိုက်ပါ။

F12 ကို နှိပ်ပြီး USB Stick နဲ့ Boot တက်ပါ။ အမဲ Cmd Dos prompt ပေါ်လာရင် clnpwd.exe ရှိမရှိစစ်ဖို့ 

No photo description available.

C:\> ရဲ့ ဘေးမှာ dir ရိုက်ထည့်ပါ။ တွေ့ ရင်တော့ C:\> ရဲ့ ဘေးမှာ clnpwd လို့ ရိုက်ထည့်လိုက်ပါ။
No photo description available.

အဲ့ဒီမှာ ဘယ် Password ကို ဖြုတ်ချင်သလဲ နံပါတ်တစ်ခုကို ရွေးရိုက်ထည့်လိုက်ပါ။ Clean User Password Successfully ဖြစ်ရင် BIOS ထဲပြန်ဝင်ပြီး HDD နဲ့ Boot တက်ပြီးပြန်သုံးနိုင်ပါပြီ။
 

( 5 ) .Password အမှားရိုက်ထည့်ပြီး ပြန်ဆယ်နည်း
BIOS Password
မေ့သွားလို့ အပေါ်ကနည်းတွေနဲ့ လည်း လုပ်မရဘူး၊ CMOS ဘက်ထရီ၊ Jumper တွေကို ဝင်ရောက်အသုံးပြုလို့ မဖြစ်နိုင်ဘူးဆိုရင် ဒီနည်းနဲ့  ပြန်စမ်းကြည့်ပါ။ သုံးကြိမ်လောက် Password အမှားရိုက်ထည့်လိုက်ပါ။

No photo description available.

System Disable လို့ Message box တက်လာရင် အဲ့ဒီမှာပါတဲ့ Code 5 လုံးကို ကူးပြီး bios-pw.org/ကို Browser နဲ့ ဝင်၊ ခုနက Code 5 လုံးကို ထည့်ပေးပြီး Get Password ကိုနှိပ်ပါ။ မိမိစက်နဲ့ ကိုက်ညီမယ့် Backdoor Passwords တွေ ချပေးလာပါလိမ့်မယ်။ အဲ့ဒီ Password တွေကိုတစ်ခုပြီးတစ်ခုစမ်းရိုက်ထည့်လိုက်ပါ။ Password မှန်သွားလို့ ဝင်လို့ ရသွားရင် BIOS Password နောက်တစ်ခါ ထပ်မေ့မှာစိုးရင် Security ထဲဝင်ပြီး Disable ပေးလိုက်ပါ။ ဒီလို Backdoor Password နဲ့ လုပ်တာက BIOS Settings တွေ ပြောင်းလဲမှုမဖြစ်သွားပါဘူး။
Third-Party Software
တွေဖြစ်တဲ့ CmosPwd,KillCMOS တွေကို သုံးပြီး Password ဖြုတ်တဲ့နည်း၊ DOS နဲ့ ဖြုတ်တဲ့နည်းတွေလည်း ရှိပါသေးတယ်။

ဖော်ပြခဲ့တဲ့နည်းလမ်းတွေကို အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ။
#Crd



MHP Computer Service       
Phone : 09.785339901, 09.965726404 
Viber : 09.785339901       
Email : myanmar.mhp@gmail.com

No comments: