Breaking

Thursday, June 20, 2019

မသုံးစေချင်တဲ့ Website တွေကို ပိတ်ထားနည်း




မသုံးစေချင်တဲ့ Website တွေကို ပိတ်ထားနည်း

Server,Router တွေကို သိပ်မကိုင်တတ်လို့  ရုံးဝန်ထမ်း ကွန်ပျူတာတွေမှာ မသုံးစေချင်တဲ့ Website တွေကို ပိတ်ထားချင်သူတွေအတွက် အလွယ်ပိတ်နည်း ကို
ဖော်ပြပေးလိုက်ပါတယ်။ 

C:\Windows\System32\drivers\etc အောက်ကို
တစ်ဆင့်ချင်း ဝင်သွားပါ။ Hosts ဖိုင်ကို Right Click နှိပ်၊
Open With နဲ့ Notepad ကိုရွေးဖွင့်ပါ။ 


Windows 10 တွေဆိုရင် Edit လုပ်ဖို့ Permission တောင်းလာပါလိမ့်မယ်။ အဲ့ဒီ Hosts ဖိုင်ကို Right Click နှိပ်၊ Properties>SecurityTab>Edit or Advanced ထဲဝင်ပြီး အခုသုံးနေတဲ့ User Account ကိုရွေးပြီး Full Permission ပေး၊ Apply-OK နှိပ်ပေးလိုက်ပါ။ 

Hosts ဖိုင်ကို Notepad နဲ့ ဖွင့်လို့ ရပြီးဆိုရင် အောက်ဆုံးမှာ
127.0.0.1 ကို အပေါ်က စာကြောင်းတွေနဲ့ ညီအောင် Space ခြား၊
ပိတ်ထားချင်တဲ့ Website တွေကို ရိုက်ထည့်ပြီး Save လုပ်၊
စက်ကို Restart ချပေးလိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်းဆိုရင်
Google,Facebook,Youtube တွေသုံးလို့ ရတော့မှာ မဟုတ်ပါဘူး။ 


ပြန်သုံးစေချင်ရင် C:\Windows\System32\drivers\etc အတိုင်း
ပြန်ဝင်ပြီး 127.0.0.1 နဲ့ Website နာမည်တွေကို ဖျက်၊ Save လုပ်၊
စက်ကို Restart ပြန်ချပေးလိုက်ပါ။ ရုံးမှာ မိမိသုံးနေတဲ့စက်က
Website တွေဝင်ကြည့်လို့ မရရင် အပေါ်ကနည်းအတိုင်း
ပိတ်ထားလား စစ်ကြည့်နိုင်တယ်နော်။ Proxy Server တွေနဲ့ 
ပိတ်ထားရင်တော့ မရဘူးပေါ့။ 


 

 
#Crd


MHP Computer Service       
Phone : 09.785339901, 09.965726404 
Viber : 09.785339901       
Email : myanmar.mhp@gmail.com




No comments: