Breaking

Wednesday, March 20, 2019

Chrome နဲ့ တခြား Browser တွေမှာမြန်မာဖောင့်မမှန်ရင်ဘယ်လိုဖြေရှင်းမလဲ

( သဝေထိုး ၊ ၀ဆွဲ နှင့် အခြားစာလုံးများ မမှန်သူများအတွက်


အခုနောက်ပိုင်း Chrome Browser နဲ့ FireFox Browser အသုံးပြုနေတဲ့သူတွေအများဆုံးကြုံနေရတဲ့ပြဿနာကတော့ Zawgyi Font နဲ့အသုံးပြုတဲ့အခါ Font တွေမမှန်တော့တဲ့ပြဿနာပါ။ Browser ပေါ်မှာစာရေးရင်ပဲဖြစ်ဖြစ် ရေးပြီးသားစာတွေပြန်ဖတ်ရင်ပဲဖြစ်ဖြစ် ဝဆွဲ နဲ့ တခြားဖောင့်တွေမှာ ကမောက်ကမတွေဖြစ်နေပြီး အရှေ့အနောက်နေရာလွဲတဲ့ပြဿနာတွေကြုံတွေ့နေရပါတယ်။ Chrome Version 72 အသုံးပြုတဲ့သူတွေအားလုံးနီးပါး ဒီပြဿနာကိုကြုံနေရတာပါ။

ဒီပြဿနာကိုဖြေရှင်းရမယ့်နည်းကတော့ အခုပေးထားတဲ့ Font ကို Download ဆွဲပြီး Double Click နှိပ်ကာသွင်းလိုက်ပါ။ ပြီးသွားရင်တော့ သက်ဆိုင်ရာ Browser ရဲ့ Font Setting ထဲကိုသွားပြီး Default Fonts နေရာမှာ Bauhaus ITC ဆိုတဲ့ Font ကိုရွေးပေးပါ။ Browser ပေါ်ကရှိသမျှ Font တွေကိုပြောင်းပေးဖို့လိုပါတယ်။ အားလုံးပြီးရင်တော့ ကွန်ပျူတာကို Restart လုပ်ပေးပြီး Window ပြန်တက်လာတဲ့အခါ အဆင်ပြေပြေ ရေးလို့ဖတ်လို့ရပါပြီ။

Bauhaus ITC Font Free Download



 ဒီနည်းလမ်းက Font ပြဿနာကို ၁၀၀ ရာခိုင်နှုန်းမဖြေရှင်းနိုင်သေးပေမယ့် လက်ရှိအသုံးပြုကြည့်တဲ့နည်းတွေထဲမှာတော့ အဆင်အပြေဆုံးဖြစ်တာကြောင့် ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။ ပိုကောင်းတဲ့နည်းလမ်းတွေရှိခဲ့ရင်လည်း ပြန်ဝေမျှပေးဖို့ဖိတ်ခေါ်လိုက်ရပါတယ်။

MHP Computer Service 
Phone : 09.785339901, 09.965726404 
Viber : 09.785339901 
Email : myanmar.mhp@gmail.com

No comments: